ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီ ၊ မူဝါဒရေးရာတင်ပြရေးနှင့်သုတေသန ကော်မတီ အစည်းအဝေးများကျင်းပ

ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီ ၊ မူဝါဒရေးရာတင်ပြရေးနှင့်သုတေသန ကော်မတီ အစည်းအဝေးများကျင်းပ

ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီ ၊ မူဝါဒရေးရာတင်ပြရေးနှင့်သုတေသန ကော်မတီ အစည်းအဝေးများကျင်းပ

 

မြန်မာ့ထုတ်ကုန်များ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရေး ၊ ကုန်သွယ်မှု ကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအား နိုင်ငံတကာ ဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေး ၊ ပြည်တွင်းပြည်ပဆိုင်ရာ ပြပွဲများကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ် ဖွဲ့စည်းထားရှိပြီး ပထမဆုံး အကြိမ် ကော်မတီ အစည်းအဝေး ကို ၂၀၂၃ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် Hybrid စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလှဦး၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ အတွင်းရေးမှူး ဒေါ်အိနှင်းဒါ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်သင်းသင်းစိုး၊  အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဝင်းစည်သူ၊  ဦးမောင်မောင်ဆွေ၊ ဦးကျော်ကျော်ဝင်း၊ ၊ ဦးမင်းထွန်းမြင့်၊ ဦးအေးသောင်း၊ ဦးထွန်းလွင်တို့ တက်ရောက်ခဲ့ကြသည်။

ကော်မတီအစည်းအဝေးတွင်   ‌ပြည်တွင်းရှိ ထုတ်ကုန်လုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများ အတွက် လိုအပ်သော နည်းပညာအကူအညီများ ရရှိနိုင်ရေးများ၊ နိုင်ငံတကာ ဈေးကွက် အလားအလာ ရှိသော ဒေသထွက်ကုန်များကို ရွေးချယ်သတ်မှတ်၍ ဈေးကွက်ဖော်ဆောင်နိုင်ရန် နှင့် ဈေးကွက်ပိုမိုရရှိရန် တွန်းအားပေးနိုင်ရေး၊ ပြည်တွင်း ပြည်ပကုန်စည်ပြပွဲများ ကျင်းပနိုင်ရေး၊  ကော်မတီ၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက်နိုင်စေရန်အတွက် Working Group များ ဖွဲ့စည်း ဆောင်ရွက်သွားရန် လျာထားခြင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

မူဝါဒရေးရာတင်ပြရေးနှင့်သုတေသန ကော်မတီ အစည်းအဝေးကျင်းပ

မူဝါဒရေးရာတင်ပြရေးနှင့်သုတေသန ကော်မတီ၏ ပထမဆုံးအကြိမ် ကော်မတီ အစည်းအဝေး ကို ၂၀၂၃ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် Hybrid စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝေဖြိုး ၊ ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်၊ အတွင်းရေးမှူး ဦးအောင်ကြည်စိုး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးရဲမင်းအောင်၊  ဒေါ်နန်းကလျာဝင်း၊  ဦးမောင်မောင်ဆွေ၊  ဒေါ်ဖြူဖြူမြင့်နိုင်၊  ဦးစံသိန်း၊ ဦးမျိုးဇင်ဝင်း၊  ဦးမျိုးဇော်အောင် တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကော်မတီအစည်းအဝေးတွင် ကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာ့ စီးပွားရေး ကဏ္ဍများအပေါ် သက်ရောက်သည့် ပုဂ္ဂလိကကဏ္ဍတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ်  မူဝါဒရေးရာနှင့် သုတေသနလုပ်ငန်းများကို အကောင်အထည် ဖော်သွားရေး၊ အသင်းချုပ်၏ အခြားသော  လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် ချိတ်ဆက်ကာ ၎င်းတို့၏ တင်ပြချက် များ အတွက်  Advocacy & Research ကိစ္စများကို ထောက်ပံ့ပေးသွားနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Back

UMFCCI News

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်စေရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးဆွေးနွေး

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဖြစ်စေရေးနှင့် သဘာဝသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်း အဝေး ကျင်းပ

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ